မိုင်းရှူး၌ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာမှုအား လာရောက် ကြည့်ရှုသူ ၅၃၈၁ ဦး ရှိပြီး လျှောက် ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူ ဦးရေ ၁၈၂၀ဦးရှိ

 

မိုင်းရှူး ဩဂုတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဇူလိုင် ၂၅ ရက်မှ သြဂုတ်  ၁၄ ရက်နေ့ အထိ ပထမအကြိမ် ထုတ်ပြန် ကြေညာခဲ့ရာ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ (၅၃၈၁) ဦးရှိပြီး မဲဆန္ဒရှင်စာရင်းတွင် အမည်စာရင်း မပါရှိ၍ ပုံစံ(၃)ဖြင့် လျှောက် ထားသူ (၁၁၃၃)ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူ များပါဝင်နေ၍ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ (၃၈၉)ဦး၊ မဲစာရင်းတွင် ကိုယ်ရေးအချက်အလက် မှားယွင်းသဖြင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန် လျှောက်ထားသူ(၂၉၈)ဦး ရှိကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် မိုင်းစံမြို့ အပါအဝင် ရပ်ကွက်(၇)ခု၊ ကျေးရွာအုပ်စု(၁၇)အုပ်စု ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ (၄၉၇၅၄)ဦး၊ မဲရုံပေါင်း(၄၄)ရုံ လျာထားကြောင်း မိုင်းရှူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)