တနိုင်းမြို့နယ်၌ သာသနာ့အကျိုးတော်ဆောင် အဖွဲ့များမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

တနိုင်း  သြဂုတ် ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ တောင်တန်းသာသနာပြု ရဟန်းသံဃာတော်များနှင့် သီလရှင်အတွက် ကိုသာပိုနှင့် မိတ်ဆွေများ(စင်ကာပူ) သာသနာ့အကျိုးတော်ဆောင်အဖွဲ့မှ ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ဩဂုတ်(၂၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့မဗဟိုကျောင်းတိုက်၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ယင်းသို့ ဆက်ကပ်လှူဒါန်းရာတွင် ဘဒ္ဒန္တဝိလာသဂ္ဂါလင်္ကာရ (မှော်ဘီဆရာတော်) စမ္မနဒီကျောင်းတိုက်မှ ဦးဆောင်၍ ကိုသာပိုနှင့် မိတ်ဆွေများ(စင်ကာပူ) သာသနာ့အကျိုးတော်ဆောင်အဖွဲ့မှ တနိုင်းမြို့နယ် တောင်တန်း သာသနာပြု ရဟန်းသံဃာတော်(၈)ပါးနှင့် သီလရှင်(၁)ပါးအတွက် သံဃာတော်တစ်ပါးလျှင် ဝတ္ထုငွေ (၃၆၀၀၀ဝိ/)ကျပ်နှင့် မာတင်သင်္ကန်း (၁)စုံစီအားလည်းကောင်း၊ သီလရှင်(၁)ပါးအတွက် ဝတ္တုငွေ (၃၆၀၀၀ဝိ/-) ကျပ်နှင့် သီရှင်ဝတ်စုံ (၁)စုံတို့အား  စုစုပေါင်း ဝတ္ထုငွေ(၃၂၄၀၀၀ဝိ/-)သိန်း၊ သင်္ကန်း(၈)စုံနှင့် သီလရှင်ဝတ်စုံ(၁)စုံ ဆက်ကပ်လှူဒါန်းခဲ့ပြီး အဆိုပါ အခမ်းအနား ဖြစ်မြောက်ရေးအတွက် သာသာနာရေးရာ ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးရဲဇော်က ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)