ဓနုဖြူမြို့တွင် ကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေး စစ်ဆေး

ဓနုဖြူ ဩဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင် မြို့မစျေးအတွင်းရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် အရေးကြီး ကုန်စည်အဖြစ် သတ်မှတ်ထားသည့် ကုန်ပစ္စည်းများ စျေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေး စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စာသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်း ဆေးကုဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိမ်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် ဆေးဝါးများကို ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလောင်ခြင်း မပြုရန် ပူးပေါင်းအဖွဲ့မှ စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထက်ဝေဖြိုး (ပြန်ဆက်)