သတင်းများ

အင်းစိန်မြို့နယ်၌ လူသွားစင်္ကြန် (Platform) ပြုလုပ်
Aug 24,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ လူသွားစင်္ကြန် (Platform) ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ခန္တီးမြို့မင်္ဂလာဈေးအတွင်း ရေဝင်ရောက်သည့်ကာလအတွင်း ယာယီဈေးဖွင့်လှစ်ထားသည့်နေရာအား သန့်ရှင်းရေးဆောင်ရွက်
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ မင်္ဂလာဈေးကို ယနေ့မှစ၍ ပြန်လည်ရောင်းချခွင့်ပြုပြီ ဖြစ်သဖြင့် ဈေးအတွင်းသို့ ချင်းတွင်းမြစ်ရေ ဝင်ရောက်သည့် ကာလအတွင်း ယာယီဈေး ဖွင့်လှစ် ထားသည့် ခန္တီးမြို့ တောင်တန်းသာသနာပြုဘုန်းကြီးကျောင်းရှေ့ ကမ်းနားလမ်း ဘေး၊ ဝဲ၊ ယာအား စည်ပင်သာယာရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဗန်းမော်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေး
Aug 24,2020
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအား အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိသည်။
ဆီဆိုင်မြို့နယ်၌ သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများဆောင်ရွက်
Aug 24,2020
မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားကူးစက် တတ်သော ရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့၌ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ လမ်းဖြတ်ရေမြောင်း(Box Culvert)ပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး
Aug 24,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေ လျှံမှုများ
လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများအား စစ်တမ်းနမူနာကောက်ယူခြင်းနှင့် အိုင်အိုဒင်းဆား ရောင်းချမှု အရည်အသွေး စစ်ဆေးခြင်း အသိပညာပေး
Aug 24,2020
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မြို့မစျေးအတွင်း လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများအား စစ်တမ်းနမူနာ ကောက်ယူခြင်းနှင့် အိုင်အိုဒင်းဆားရောင်းချမှု အရည်အသွေး စစ်ဆေးခြင်း အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်း​မြို့နယ် ရွှေရောင်သမိုင်း ပရဟိတအသင်းမှ ပါးစပ်နှင့်နှာ​ခေါင်းစည်း(Mask)များ ရပ်ကွက်အတွင်း ပြည်သူများ ထံသို့ အခမဲ့​ဖြန့်ဝေ
Aug 24,2020
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်နှင့် ​ရောဂါ ဒုတိယလှိုင်း မဖြစ်ပွားစေရေး အတွက် အများပြည်သူအပေါင်း ကျန်းမာရေး သတိမလျော့ကျစေရန် လက်လှမ်းမီသရွေ့ ကူညီရန်ရည်ရွယ်၍ မရမ်းကုန်းမြို့နယ်ရွှေရောင်သမိုင်း ပရဟိတ အသင်းမှ ယမန်နေ့နံနက်ပိုင်း က ပါးစပ်နှင့် နှာခေါင်းစည်း (mask)များကို အခမဲ့ဖြန့်ဝေ ခဲ့သည်။
နမ့်ဆန်၌ ဆန္ဒမဲပေးစဉ်လုံခြုံချောမွေ့စေရေး မဲရုံအသုံးပြုမည့် လျားထားနေရာများအား ကြည့်ရှုစစ်ဆေး
Aug 24,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင် ချောမွေ့စွာကျင်းပနိုင်ရန် မြို့နယ် ကော်မရှင် အဖွဲ့ခွဲတာဝန်ရှိသူများနှင့် ရပ်ကျေးကော်မရှင် အဖွဲ့ဝင်များတို့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ လျာထားမဲရုံနေရာများ၏ လိုအပ်ချက်များအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုပြီး လိုအပ်ချက် များ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။