သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ မရှိစေရန် ကျန်းမာရေး စစ်ဆေးရေးဂိတ်အား ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်
Aug 24,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား၊ ဖြစ်ပွားမှုများ မရှိစေရေးအတွက် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ စစ်ကိုင်းတိုင်းဒေသကြီး ပင်လည် ဘူးမြို့နယ်၊ တပ်ကုန်းကျေးရွာအနီး ပင်လည်ဘူး-ဖောင်းပြင်သွားကားလမ်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်အား ဩဂုတ် ၂၃ ရက်နေ့က စတင်၍ ပြန်လည် ဖွင့်လှစ်ပြီး အပူချိန်တိုင်း ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်လျက်ရှိရာ အပြင် ထွက်လျှင် Mask တပ်ဆင်ကြရန်၊ လက်ကိုမကြာခဏဆေးကြရန် အသိပညာပေး ဆောင်ရွက်မှု များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရွာငံမြို့နယ်၌ မဲဆန္ဒရှင်များ ပြည့်စုံမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေး တစ်အိမ်တက်/ဆင်း ကွင်းဆင်း စစ်ဆေး
Aug 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေး အတွက် ရွာငံမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့က မဲဆန္ဒရှင်များ စာရင်း ပြည်စုံ မှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေးအတွက် တစ်အိမ်တက်၊ တစ်အိမ်ဆင်း စနစ်ဖြင့် ရပ်ကွက်နှင့် ကျေးရွာ များသို့ မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့၌ မိုးစပါးဆင်းသုခ(SRI) စိုက်ပျိုးနည်းစနစ် နည်းပညာပေး ကွင်းဆင်းဆောင်ရွက်
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ၊ ​ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ၊ မကျီးခွနည်းပညာ ပြန့်ပွား ရေးမိုးစပါးဆင်းသုခ(SRI) စိုက်ပျိုးနည်းစနစ် ကို သြဂုတ်လ(၂၄)ရက်၊ နံနက်(၉)နာရီ အချိန်က နည်းပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့စင်တာနယ်​မြေဖြစ်သော သုံးပန်လှကျေးရွာ၊ ကွင်း(၁၉၆၁ က) တောင်သူ ဦးချမ်းမင်းအောင်၏ လယ်မြေတွင် ကြောင်း သိရသည်။
ကသာခရိုင်၊ ထီးချိုင့်မြို့စည်ပင်သာယာဈေးတွင် COVID-19 ကူးစက်ပြန့်ပွားမှု့ မဖြစ်ပေါ်စေရေးအတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စည်ပင်သာယာစျေးနှင့် စျေးပတ်ဝန်းကျင်ရှိ လမ်းဆုံများ တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မပေါ်ပေါက်စေရေးအတွက် နှာခေါင်းစည်း(Mask)ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၈)နာရီအချိန်က မြို့မစည်ပင်သာယာဈေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သော Box Culvert တည်ဆောက်ပြီးစီး
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော Box Culvert (၂၄'×၆'×၃')တစ်စင်း တည်ဆောက်ပြီးစီး သွားပြီဖြစ်ကြောင်းသိရသည်။
မန့်ဟီးရိုးမြိုတွင် အသက်(၁၈)နှစ်ပြည့် ကိုင်ဆောင်လက်မှတ်မရှိဟု ဖော်ပြထားသူများအား သစ္စာ စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်
Aug 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ရပ်ကွက်(၁)တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် အသက်(၁၈)နှစ်ပြည့်ပြီး ကိုင်ဆောင် လက်မှတ်မရှိဟု ဖော်ပြ ထားသူ များအား သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ပြုလုပ် ခဲ့သည်။
ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး Mask များ တပ်ဆင် ရန် ပညာပေး
Aug 24,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေး အတွက် Mask တပ်ဆင်ခြင်း ယဉ်ကျေးမှုဖြစ်ပေါ်စေပြီး ဈေးသွားဈေးလာ ၊ လူထူထပ် သည့် နေရာ များတွင် Mask တပ်ဆင်ခြင်း အလေ့အထရှိခြင်းကြောင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်သည့် ရည်ရွယ် ချက်ဖြင့် Mask များဖြန့်ဝေပေးခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း မြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့မရဲစခန်းရှေ့ မင်းလမ်းပေါ်၌ ပြုလုပ် ဆောင်ရွက်ခဲ့သည်။
ဆီဆိုင်မြို့နယ်၌ သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အိမ်တိုင်ရာရောက် အဟာရ ထောက်ပံ့
Aug 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ဆီဆိုင်မြို့ပေါ် ၆ ရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင် လောင်းများအား အိမ်တိုင်ရာရောက် အဟာရ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။