ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး စက်သုံးဆီတင်ယာဉ် ကိုင်တွယ်ထိန်းသိမ်းနည်းအခြေခံသင်တန်း (၁/၂၀၂၅) ဆင်းပွဲသို့ တက်ရောက်
Jun 12,2025
စက်သုံးဆီများ သယ်ယူပို့ဆောင်ရာတွင် ဘောက်ဆာဆီတင်ယာဉ်မောင်းများ ဘေးအန္တ ရာယ်ကင်းရှင်းစေရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ မီးဘေးအန္တရာယ်နှင့် မတော် တဆဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များကို စနစ်တကျ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့သော စက်သုံးဆီတင်ယာဉ်ကိုင်တွယ် ထိန်းသိမ်းနည်း အခြေခံသင်တန်း (၁/၂၀၂၅) ဆင်းပွဲကို မြစ်ကြီးနားမြို့ရှိ ရေနံနှင့်ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သံယဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ခဲ့ သည်။