တံတားဦး မေ ၂၅
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် မြို့နယ်သဘင်အစည်းအရုံး ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက တံတားဦးမြို့ အမှတ်(၁) ရပ်ကွက်၊ ဘူတာရပ်တွင် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သဘင်အစည်းအရုံး ဆိုင်းဘုတ်အား တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးသန့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မန္တဘေးတိုင်းဒေသကြီး သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးပစ်တိုင်းထောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတိုက်ကြည်၊ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဦးမျိုးသန့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက မြို့နယ်သဘင်အစည်းအရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပတ်ဖျန်းပေးကြပြီး မြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးတင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)