ပုသိမ်ကြီး မေ ၂၅
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု၊ ကျီကုန်းကျေးရွာ၊ မြို့နယ်သစ်တောဦးစီးဌာနရုံးရှိ ရွှေရတနာဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီခွဲက တရားမဝင်သစ်ထုတ်လုပ်မှုပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်သစ်တောဦးစီးမှူး ဦးယဥ်မင်းထိုက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်ခင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်တို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ပြောကြားခြင်း၊ တရားမဝင်သစ်ထုတ်လုပ်မှု ပပျောက်စေရေး၊ ပြည်သူများ အသိပညာ ရရှိစေရန် ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ(၃၅)ဦးခန့် တက်ရောက်ကြသည်။
ဆက်လက်၍ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနမှ ခေတ္တသစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းထွန်း၊ မန္တလေးတိုင်းဒေသကြီး သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှ ရဲအုပ်ရဲဇော်မြင့်တို့မှ လာရောက်၍ ပြည်သူများနှင့် ဖော်ရွေပျူငှာစွာ တွေ့ဆုံနှုတ်ဆက်အမှာစကားများ ပြောကြားပြီး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောနည်းဥပဒေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို (ပြန်/ဆက်)