မုဒုံ ဇန်နဝါရီ ၂၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းကို ယနေ့ နံနက်(၈)နာရီခန့်က မုဒုံမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃၃)အုပ်စုရှိပြီး မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် တိုင်းရင်းဆေးဝန်ထမ်းများ၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း(၁၉၀)ဦးခန့်ကို ပထမအကြိမ် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)