ရွာငံ ဇန်နဝါရီ ၂၇
ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ကိုဗစ်ကော်မတီမှ ဆောင်ရွက်လျှက်ရှိရာရေဦးဈေးတွင် ဈေးရောင်းဈေးဝယ်များနှင့် ဈေးလာပြည်သူများအား နှာခေါင်းစည်းများ တင်ဆင်အသုံးပြုရေးနှင့် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးခြင်းများကို ယနေ့ နံနက် (၇)နာရီက လမ်းမတစ်လျှောက်နှင့် အဆိုပါဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဈေးတာဝန်ခံ ဦးရန်နိုင်ထွေးသည် ဈေးရောင်း၊ ဈေးဝယ်များနှင့် အများပြည်သူများအားကိုဗစ်- ၁၉ ကူးစက်ရောဂါဘေးမှ ကင်းဝေးစေရန်နှင့် Mask တပ်သည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ပြည်သူလူထုပူးပေါင်း ပါဝင်လာနိုင်စေရန်နှင့် ဈေးသို့လာရောက်ကြသော ဈေးသူ၊ဈေးသားများ၊ ဈေးရောင်းဈေးဝယ်များ ကိုဗစ်-၁၉ဆိုင်ရာ စည်းကမ်းများနှင့်အတူ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာရေးနှင့် ဈေးအတွင်းသို့ လာရောက်ပါက နှာခေါင်းစည်းမတ် တပ်ဆင်အသုံးပြုလာနိုင်ရေးတို့ကို Hand Speaker များဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထွန်းထွန်းဝင်း (ရွာငံ)