မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ (၇၅)နှစ်မြောက် စိန်ရတုအကြို ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

ထီးချိုင့် မေ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုအကြို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထီးချိုင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးညွန့်မောင်နှင့် တပ်ဖွဲ့ဝင်အင်အား(၂၀)ဦးမှ ယနေ့ နံနက် (၉)နာရီအချိန်ခန့်က ပြည်သူအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာရှိ ဇောတိကာရာမ ဖောင်တော်ဦး ကျောင်းတိုက်အတွင်းရှိ တည်ဆောက် လျက်ရှိသော စေတီတစ်ဆူအား ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင်မြတောင်ကျေးရွာ ဇောတိကာ ရာမဖောင်တော်ဦးကျောင်းတိုက် ဆရာတော်ဦးဇောတိက အား မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖြိုးညွန့်မောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ အလှူငွေ(၁)သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)