သတင်းများ

ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ညောင်တုန်းမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြား
Jun 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ယနေ့ နံနက် ၈ နာရီတွင် စတင်ဖွင့်လှစ် သင်ကြား လျက်ရှိသည်။
ပလောက်မြို့တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် Mask နှာခေါင်းစည်းများ ဖြန့်ဝေ
Jun 01,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ ဦးဆောင်သော အဖွဲ့ သည် ယနေ့ နံနက် ၇ နာရီခွဲက ပလောက်မြို့ လူစည်ကားရာနေရာဖြစ်သော မြို့စည်ပင်သာယာ ဈေးကြီးအတွင်းနှင့် ထားဝယ်-မြိတ် ကားလမ်းမပေါ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့ အခြေခံပညာအထက်တန်းကျောင်း စတင်ဖွင့်လှစ်
Jun 01,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် (၂၀၂၁-၂၀၂၂)ပညာသင်နှစ်ကျိုက်ဒုံမြို့ အခြေခံ ပညာအထက်တန်းကျောင်းတွင်မူလတန်း၊အလယ်တန်း၊အထက်တန်းအဆင့်ကျောင်းသားကျောင်းသူများအားကျောင်းအပ်နှံရေး ရက်သတ္တတစ်ပတ်အဖြစ် မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းသား/သူများအား စတင်လက်ခံခဲ့ပြီး ဇွန်လ ၁ရက်နေ့ နံနက် ၉ နာရီတွင် ကျောင်းသား ကျောင်းသူများ စတင်ကျောင်းတက်နေပြီးဖြစ်ကြောင်းသိရသည်။
မောက်မယ်မြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း များပြန်လည်ဖွင့်လှစ်
Jun 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အခြေခံပညာကျောင်းများတွင် COVID-19ကူးစက်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ကျောင်းများပိတ်ထားလျက်ရှိရာ ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ  ၂၀၂၁−၂၀၂၂ ပညာသင် အတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်သဖြင့် ကျောင်းသားကျောင်းသူများ ကျောင်းတက်၍ ပြန်လည် ပညာသင်ကြားနေကြောင်းတွေ့ရသည်။
ငါန်းဇွန်မြို့နယ်စာရင်းစစ်ရုံး ဝန်းထမ်းအိမ်ရာ တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာပြုလုပ်
Jun 01,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် စာရင်းစစ်ရုံး ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် ယနေ့နံနက် ၉ နာရီအချိန်က ငါန်းဇွန်မြို့နယ် စာရင်းစစ်ရုံးဝင်းအတွင်း၌ ပန္နက်တင်မင်္ဂလာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
၂၀၂၁-၂၂ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံးကို ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်မှ စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ကော့သောင်းမြို့တွင် လမ်းထွက်သွားလာနေကြသူများအား မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ကြရေး Mask Campaign လုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 01,2021
ကူးစက်မှုပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ကြီးကြပ်မှုဖြင့် လမ်းထွက် သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှ တပ်ဆင်ပေးသည့် Mask Campaign လှုပ်ရှားမှု တစ်ရပ်ကို ကော့သောင်းမြို့၊ အဏ္ဏဝါ ရပ်ကွက်၊ နာရီစင်လမ်းဆုံ၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။