သတင်းများ

ကလေးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှပြင်သင်တန်းနှင့် မုန့်ပြုလုပ်နည်း သင်တန်းဆင်းပွဲကျင်းပ
Mar 12,2020
ကလေးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ပန်းအလှပြင် သင်တန်းနှင့် မုန့်ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ (၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၌ ရေနုတ်မြောင်းများ တူးဖော်ခြင်းဆောင်ရွက်
Mar 12,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ရေစီးရေလာကောင်းမွန်စေရန်၊ ခြင်များပေါက်ဖွားမှုမရှိစေရန်နှင့် မြို့နယ်သန့်ရှင်းလှပစေရန်ရည်ရွယ်၍ ရေနုတ်မြောင်းများတူးဖော်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မြို့သစ် က/၇ လမ်းတွင် ဆောင်ရွက်ခဲ့သည်။
မော်လိုက်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ
Mar 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး အသိပညာများကို သိရှိနားလည်စေရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့လူထုအခြေပြုဗဟိုဌာန၌ စကားပုံဆက်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ ကျင်းပ ပြုလုပ်
Mar 12,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ စကားပုံဆက်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် အားကစားနည်း (၅) မျိုး သင်တန်းဖွင့်လှစ်
Mar 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အားကစားကို စိတ်ပါဝင်စားသူ လူငယ်များအတွက် အခြေခံအားကစားနည်းသင်တန်း (၅) မျိုးကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အောင်ဆန်းသူရိယလှသောင်းအားကစားခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ပေါက်မြို့နယ်တွင် တက္ကသိုလ်ဝင် စာ​မေးပွဲဖြေဆိုကြမည့်​ ကျောင်းသား​၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး​ဆောင်ရွက်
Mar 12,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာ​မေးပွဲကို မြန်မာနိုင်ငံတဝန်းရှိ စာ​ဖြေဌာန အသီးသီးတွင် တပြိုင်တည်း ကျင်းပလျက်ရှိရာ မ​ကွေးတိုင်း​ဒေသကြီး ပေါက်မြို့နယ်တွင် စာ​ဖြေဌာန(၁၀)ခုရှိပြီး အဆိုပါစာ​ဖြေဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ မတ် ၁၂ ရက် (ဒုတိယ​​)​နေ့ အင်္ဂလိပ်စာဘာသာရပ်တွင် ဝင်​ရောက်​ဖြေဆိုကြမည့် ကျောင်းသား​၊ ကျောင်းသူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ်နှင့် ပတ်သက်၍ စိတ်အ​နှောင့်အယှက် မရှိ​စေ​ရေး​၊​ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရန် အထူးဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ နွေရာသီ ကာတွန်းအခြေခံသင်တန်း ဖွင့်လှစ်
Mar 12,2020
ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကာတွန်းပညာရှင်များ ပူးပေါင်းစီစဉ်၍ ကလေးများအတွက် နွေရာသီကာတွန်းအခြေခံသင်တန်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(ဗဟန်း) (Community Centre) ၌ ကျင်းပခဲ့သည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ
Mar 12,2020
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရန်နှင့် ပြည်သူ့စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်အတွက် ကာယ/ဉာဏစွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် (Community Centre)နှင့် ကလေးစာဖတ်ခန်းတွင်  ယမန်နေ့ နံနက်(၁၁)နာရီတွင် ကျင်းပပြုလုပ်ပေးခဲ့သည်။