အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Mar 13,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့၊နံနက်(၉:၀၀)နာရီ အချိန်က အဆိုပါ သင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ)မှ ဗိုလ်မှူးကြီး အောင်ကိုဝင်း က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ရာ အဆင့်မြင့် စက်ချုပ်ပညာရပ် တွေဟာ မြန်မာအမျိုးသမီးတစ်ဦးအနေဖြင့် မဖြစ်မနေသင်ထား၊ တတ်ထားသင့်သော ပညာရပ်တွေဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် မိမိတို့တတ်မြောက်ပြီးသည့် ပညာရပ် တွေကို ဆက်လက်လေ့လာပြီး မှန်ကန်သော အသက်မွေးဝမ်းကျောင်းများဖြင့် ဘဝရပ်တည် နိုင်ရေး ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။