သတင်းများ

ပင်လောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆို
Mar 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန(၁၀)ခုတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုရာတွင် ပျက်ကွက်သူမရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Mar 12,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအသင်းတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲတွင် ရှဒေါင်ကျေးရွာရှိ မေတ္တာပျိုးခင်းမိဘမဲ့ဂေဟဟာ၌ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် မြို့နယ်လူငယ်ရေးရာကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပြုလုပ်
Mar 12,2020
ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် မြို့နယ်လူငယ်ရေးရာကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
သီပေါမြို့နယ်တွင် နာနတ်သီးစိုက်တောင်သူများအား သဘာဝမြေသြဇာထောက်ပံ့ပေးအပ်ပွဲကျင်းပ
Mar 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော နာနတ်သီးနှံ(GAP) (Good Agricultural Practice) (၁၁၀၂) ဧက စံပြစိုက်ခင်းတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ မှတ်တမ်းစာအုပ်နှင့် သဘာဝမြေသြဇာ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် (၉)နာရီအချိန်က နမ့်ရမ်းကျေးရွာရှိ နာနတ်သီးအခြောက်ခံ စက်ရုံတွင် ပြုလုပ်ခဲ့သည်။
ကော့ကရိတ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Mar 12,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ မြို့မစျေးကြီးရှေ့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မြို့မစျေး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ နေ့လယ် ၂ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Mar 12,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက ကံသုံးဆင့်(အ-ထ-က)၊ ကံသုံးဆင့်(အ-မ-က) မြောက်ကျောင်းနှင့် ထန်းကုန်း(အ-မ-က) ကျောင်းတို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ်တွင် လူသားချင်းစာနာသော မိုင်းလှုပ်ရှားမှု အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်
Mar 12,2020
ရန်ကုန်မြို့အခြေစိုက် ဒိန်းမတ်လူမှုရေးအဖွဲ့မှ စီစဉ်ဆောင်ရွက်သော လူသားချင်းစာနာသော မိုင်းလှုပ်ရှားမှု အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ (Humanitarian Mine Action (HMA) Workshop)ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
ချင်းရွှေဟော်မြို့၌ COVID-19 ကိုရိုနာဗိုင်းရပ်စ်(အဆုတ်ရောင်ရောဂါ)အကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ
Mar 12,2020
ချင်းရွှေဟော်မြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဉီးစီးဌာနနှင့်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍COVID-19 ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နေ့လယ်(၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။