သတင်းများ

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား ၊ ကျောင်းသူ များအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက သောက်သုံးရေများ သွားရောက်လှူဒါန်း
Mar 13,2020
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် အမှတ်(၂) ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်းတွင် လာရောက်တည်းခိုနေထိုင်သည့် မိုင်းစိတ်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများ သောက်သုံးရေ အဆင်ပြေ စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနက အဝီစိတွင်းရေများကို ယမန်နေ့ညနေပိုင်းက သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မံစီမြို့နယ် ၌ ဘောလုံးဒိုင်လူကြီး သင်တန်းဖွင့်လှစ်
Mar 13,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ မြို့တော်ခန်းမ၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဘောလုံးဒိုင်လူကြီးသင်တန်း (၁/၂၀၂၀) ကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်ထိ (၇) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းဖြတ်မြို့၊ နန်းဝိုးထောင်ကျေးရွာ၌ စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 13,2020
ရှမ်းပြည်နည် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာငါးရွာကို စိမ့်စမ်းရေ သွယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့နံနက် ၁၀ နာရီက နမ့်ပန်ကျေးရွာအုပ်စု၊ နန်းဝိုးထောင် ကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထန်းတပင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး အဆောက်အဦသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ
Mar 13,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူး ရုံးသစ်အဆောက်အဦ ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၊ ယုဇလမ်းရှိ အဆိုပါ ရုံးသစ် ဆောက်လုပ်မည့် မြေနေရာတွင်ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ တိုင်းဒေသကြီး တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အင်းစိန်မြို့နယ်၌ ရေနုတ်မြောင်းများ တူးဖော်ခြင်းဆောင်ရွက်
Mar 12,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ရေစီးရေလာကောင်းမွန်စေရန်၊ ခြင်များပေါက်ဖွားမှုမရှိစေရန်နှင့် မြို့နယ်သန့်ရှင်းလှပစေရန်ရည်ရွယ်၍ ရေနုတ်မြောင်းများတူးဖော်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မြို့သစ် က/၇ လမ်းတွင် ဆောင်ရွက်ခဲ့သည်။
ပင်လည်ဘူးမြို့၌ သဘာဝဘေးလျော့ပါးစေရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်း ဖွင့်လှစ်
Mar 12,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ သဘာဝဘေးလျော့ပါးစေရေး စေတနာ့ဝန်ထမ်း လူငယ် ဆင့်ပွား သင်တန်း အမှတ်စဉ်(၁/၂၀၂၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့၌ ကျေးရွာစွန့်ပစ် အမှိုက်စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့‌သော ကျေးရွာခုနှစ်ရွာအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
Mar 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျေးရွာစွန့်ပစ် အမှိုက်စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သော ကျေးရွာ ခုနှစ်ရွာအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထန်တလန်၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Mar 12,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင် ထန်တလန်မြို့၌ ကလေးများ ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန် မြှင့်တင်ရေး၊ တီထွင် ဖန်တီးလိုစိတ် မြင့်မားရေးနှင့် စာကြည့်တိုက်များကို နေ့စဉ်နှင့်အမျှ ကောင်းစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကျင်းပသည်။