မြဝတီမြို့နယ်ရှိ ကျေးရွာများ၌ အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Mar 13,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူပေါင်းပြီး ကျေးလက်နေ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားရေးတို့အတွက် ယမန်နေ့ နံနက် ၉ နာရီအချိန် က မြဝတီမြို့နယ် ထီးချားလားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။