နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ သင်တန်းကျောင်းများ မိုးရာသီကာလ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ

ပုသိမ်   ဇူလိုင်  

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဧရာဝတီတိုင်း ဒေသကြီး ဦးစီးမှူးရုံးနှင့်သင်တန်းကျောင်းများရှိ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ၊ သင်တန်းသူများ စုပေါင်း၍ သစ်ပင်စိုက်ပွဲပျိုးပွဲကို ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ ပါသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံဖြိုးရေး သင်တန်းကျောင်း မအူပင်၊ ဘိုကလေးနှင့် စက်မှုလက်မှုပညာသင်တန်းကျောင်း လပွတ္တာ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းမျာဖြစ်သည့် ပုသိမ်၊ လပွတ္တာ စသည့် သင်တန်းကျောင်း ၅ ကျောင်းမှ သက်ဆိုင်ရာ ကျောင်းများအလိုက် တစ်ပြိုင်နက်တည်း စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ပါသည်။

စိုက်ပျိုးခဲ့သည့် သစ်ပင်များမှာ ရတနာတန်းဝင်သစ်ပင် ၃၀၀၊ နှစ်ရှည်ပင် ၃၀၀၊ အရိပ်ရလေကာ ပင် ၂၀၀၊ စုစုပေါင်း ၈၀၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။ အဆိုပါ မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပရခြင်းမှာ သင်တန်းကျောင်းများရှိ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သစ်ပင်နှင့်သစ်တော၏ တန်ဖိုးကို နားလည်ပြီးချစ်ခင် မြတ်နိုးတန်ဖိုးထား စောင့်ရှောက် တတ်သည့် စိတ်ဓာတ် ဖော်ဆောင်ပေးရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။