အိမ်မဲ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကို ဆောင်ရွက်ပေး လျက်ရှိရာ အိမ်မဲကြီးရပ်ကွက်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦး စီးဌာနရုံးမှ ယာယီမြို့နယ်မှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မြိုင်နှင့်ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေး ကတ်ပြား အသက်(၁၀) နှစ်ပြည့် မှတ်ပုံတင်(၄၃)ခုကို သက်ဆိုင်ရာကျောင်းသား/သူ များထံသို့ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အိမ်မဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနရုံးမှ အသက်(၁၀) နှစ်ပြည့်၊ (၁၈)နှစ်ပြည်နိုင်ငံသား စိစစ်ရေးကတ်ပြားဆောင်ရွက်မည့် စာချွန်ခံရပ်ကွက်ကို ဆက်လက် ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
အိမ်မဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် မေလ ၃ ရက်နေ့ကစတင်၍ အခမဲ့ဆောင်ရွက်ပေး လျက်ရှိရာယနေ့ထိ နိုင်ငံသားစိစစ်ရေးကတ်(၃၉၅)ခုကို ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်းသိရသည်။
ချစ်သက်လယ်