ပေါင်းတည်မြို့၌ ရေသန့်စက်ရုံများ၊ ဆန်စက်များနှင့် ဧည့်ရိပ်သာများတွင် ကိုဗစ်-၁၉ စည်ကမ်းချက်များ နှင့်အညီ ဆောင်ရွက်ထားမှုရှိ/မရှိ အသိပညာပေးစစ်ဆေး

 

ပေါင်းတည် ဇူလိုင် ၆
 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါင်းတည်မြို့နယ်ရှိ ရေသန့်စက်ရုံများ၊ ဆန်စက်များနှင့် ဧည့်ရိပ်သာ များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန၏ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ အသိပ ညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လူမှုဖူလုံရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ မြို့တွင်းလှည့်လည်စိစစ်ရေးကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စက်ရုံများ၊ ဆန်စက်များနှင့် ဧည့်ရိပ်သာများအဝင်တွင် လက်သန့်ဆေးရည်၊ ဆပ်ပြာနှင့် ဘေစင်များစနစ်တကျ ထားရှိရေး၊ စက်ရုံများ၊ ဆန်စက်များနှင့် ဧည့်ရိပ်သာများအတွင်းသို့ ပါးစပ်နှာခေါင်းစည်း Mask နှင့် Face Shield များ စနစ်တကျ တပ်ဆင်စေပြီးမှ ဝင်ရောက်ခွင့်ပြုရေး၊ တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေး၌ သာ ဆောင်ရွက်ထားရှိရေးစသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေး စည်းကမ်းချက် များအား လိုက်နာဆောင်ရွက်ရေးတို့ကို သက်ဆိုင်ရာ ရေသန့်စက်ရုံ ၊ဆန်စက် ၊ ဧည့်ရိပ်သာပိုင်ရှင်များ၊ ဝန် ထမ်းများနှင့် တွေ့ဆုံဆွေးနွေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
                                                       ချစ်နှင်းသုန်