ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၂၉ ) ဦး တွေ့ရှိ

 

 

ဝေါ ဇူလိုင် ၈

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ဇူလိုင် ၇ ရက်နေ့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ထက်မံတွေ့ရှိခဲ့ရာ အရှေ့ဘက်ကမ်းရပ်ကွက် (၁၈) ဦး၊ ညောင်ခါးရှည်ကျေးရွာ( ၁) ဦး၊ ချမ်းမြသာစည်ရပ်ကွက် (၁) ဦး၊ ရှမ်းစုကျေးရွာ (၁) ဦး၊ အေးချမ်းသာယာရပ်ကွက် (၁) ဦး၊ ကန်တော်ရပ်ကွက် (၁) ဦး၊ ကော့ဝင်းကျေးရွာ (၁) ဦး၊ ကြာလဟာကျေးရွာ (၄) ဦး စုစုပေါင်းစုစုပေါင်း (၂၉)ဦး လူနာသစ်တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ လူနာများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၃ ထပ်ဆောင်၌ ၇၂ ဦးကုသနိုင်ရန်နှင့် မြို့မအားကစားခန်းမဝင်ဆံ့ဦးရေ ၈၀ ကုသပေးနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဝေါမြို့  ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပိုးတွေ့လူနာများ၏ အတူနေ မိသားစုဝင်များအား အသွားအလာကန့်သက်၍ ရွှေဘုန်းပွင့်ဓမ္မရိပ်သာ၊ သီရိမင်္ဂလာမြို့ဦးကျောင်း ဓမ္မရုံ ၁ ထပ် ဆောင်နှင့် ၂ ထပ်ဆောင်၊ မြို့နယ်ခန်းမဆောင်တို့တွင် နေထိုင်စောင့်ကြပ်ကြည့်ရှု စစ်ဆေးထားရှိလျက်ရှိကြောင်း သိရသည်။

 

ဝေါမြို့နယ်တွင် ဇူလိုင် လ  ၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာပေါင်း (၇၅ )ဦး ထိရှိလာပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ ၊ ကြက်ခြေနီ ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းကာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အောင်မြတ်လင်း