ဆော ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ ဆောမြို့ အခြေခံပညာ အထက်တန်းကျောင်း သီဟသူရညိုအေးခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော နိုင်ငံ့ဝန်ထမ်း(၇၈)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် အဆိုပါ ဝန်ထမ်းများကို သတ်မှတ်ထားသည့်ရက်များတွင် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး သွားမည်ဖြစ် ကြောင်း သိရသည်။
ကိုဇော်ကြီး(ဆော)