ပင်လည်ဘူးမြို့၌ ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် Mask Campaign ပြုလုပ်
Jul 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းခရိုင်၊ပင်လည်ဘူးမြို့တွင် ယနေ့ နံနက် ၁၀း၀၀ နာရီ အချိန်က ပင်လည်ဘူးမြို့၏ လူစည်ကားရာနေရာဖြစ်သည့် မိုးကောင်းရပ်ကွက် အား/ကာရုံရှေ့ လမ်းဆုံနှင့် မြို့ပေါ်အိမ်ဆိုင်စျေးရောင်းချသူ များအား ကိုဗစ် - ၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်း Masks များလိုက်လံဝေငှ၍ Mask Campaign ပြုလုပ်ကာ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။