သတင်းများ

ဗိုလ်တထောင်မြို့နယ်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက်ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းလုပ်ငန်းများဆောင်ရွက်
Aug 21,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး အတွက် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄)(ဂ)စာရင်းများပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း လုပ်ငန်းများ အား ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန် တွင် မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး၌ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
နမ့်ဆန်မြို့၌ ပြည်ပမှ တရားဝင် အရက်တင်သွင်းခွင့်ပြုခြင်း၊ ပြည်တွင်း၌ ရောက်ရှိနေသော အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက် ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Aug 21,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ပြည်ပမှ တရားဝင်အရက်တင်သွင်းခွင့်ပြုခြင်း၊ ပြည်တွင်း၌ ရောက်ရှိနေသော အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက် ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီ က ပြုလုပ်သည်။
အရာတော်မြို့တွင် အသက်(၇၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု(ပဉ္စမအကြိမ်) (အခမဲ့)ဆောင်ရွက်
Aug 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့၊ အမှတ်(၃)နယ်မြေရှိ မြိုင်သီတာ ဆေးဆိုင်နှင့် ဆေးခန်း တွင် ယနေ့နံနက် (၈) နာရီမှ စတင်ကာ အသက်(၇၅)နှစ်နှင့်အထက် ဘိုးဘွားများအား (အခမဲ့) ကျန်းမာရေး စောင့်ရှောက်မှုကို (ပဉ္စမအကြိမ်) အ‌ဖြစ် ဆောင်ရွက်ပေးခဲ့သည်။
အရာတော်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု
Aug 21,2020
စစ်ကိုင်းတိုင်း‌ဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများက အရာတော်မြို့နယ်၊ ဇရစ်ကျေးရွာနှင့် မကျီး‌စောက်‌ကျေးရွာရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများကို ယမန်နေ့ နေ့လယ် ၁ နာရီက ကွင်းဆင်း ကြည့်ရှုသည်။
မံစီမြို့၌ အခြေခံပညာ အလယ်တန်းအဆင့် တိုးမြှင့်ပွဲ အခမ်းအနားကျင်းပ
Aug 21,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ ကောင်ရာရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အလယ်တန်းကျောင်း အဆင့်သို့ တိုးမြှင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
သပိတ်ကျင်းမြို့၊ ဝါးဖြူတောင်ကျေးရွာ သုသာန်အနီးမှ ရှေးခေတ်ကဟုယူဆရသည့် ရွှေတိုရွှေစလေးများတွေ့ရှိ
Aug 21,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာ၏ အနောက်ဘက်သုသာန်ရှိ လောင်တိုက်ကုန်းနှင့် ကိုက် (၃၀၀) ခန့်အကွာတွင် ယနေ့နံနက်ပိုင်းက ရှေးခေတ်ကဟုယူဆရသည့် ပုတီးစေ့ပုံစံ ရွှေတိုရွှေစအနည်းငယ်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ရွှေကူမြို့၌ ဧရာဝတီမြစ်ရေ ဒုတိယအကြိမ် မြင့်တက်လာမှုကြောင့် လူနေအိမ်အချို့ ပြောင်းရွှေ့ နေရာချထားခြင်းများ ဆောင်ရွက်
Aug 21,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့တွင် ဧရာဝတီမြစ်ရေ ဒုတိယအကြိမ် မြင့်တက်လာမှုကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ တောပုန်းကျေးရွာအုပ်စု၊ ရေပျံလေးရပ်နှင့် မြို့ပေါ်ရပ်ကွက် မြေနိမ့်ပိုင်း လူနေအိမ်များတွင် သြဂုတ်လ ၁၇ ရက် နံနက်ပိုင်းမှစ၍ ဧရာဝတီမြစ်ရေများ ဝင်ရောက်လာသဖြင့် ပြောင်းရွှေ့နေရာချထားခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့အထိ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။