မုဒုံမြို့နယ်၌ နှာခေါင်းစည်းတပ်ဆင်ထားမှုမရှိသူများအား ဒဏ်ရိုက်အရေးယူဆောင်ရွက်

မုဒုံ  ဇူလိုင် ၁၇

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် နံနက် ၁၀ နာရီက မြို့နယ်အတွင်း အပြင်သွားလာသူများ၊ လမ်းသွားလမ်း လာသူများအား နှာခေါင်းစည်း တပ်ဆင်ထားမှုမရှိပါက ဒဏ်ရိုက်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့်    မုဒုံမြို့နယ် ကိုဗစ်-၁၉ရောဂါကာ ကွယ်ရေး စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များ၊ မုဒုံမြို့နယ် မြို့မရဲစခန်းမှ ဒုစခန်းမှူးရဲ အုပ် ကိုကိုမင်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က  ပူးပေါင်း ၍ မြို့နယ်အတွင်း လမ်းသွား၊ လမ်းလာ ပြည်သူများ နှာခေါင်းစည်းတပ် ဆင်ထားမှုမရှိ ပါကဒဏ်ငွေ (၅၀၀)ကျပ်ပေးဆောင်ရပြီး နှာခေါင်းစည်း(Mask) နှစ်ခုပြန်လည် ပေး၍ အခုတပ် ဝတ်ဆင်ရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို အလေးထား လိုက်နာဆောင်ရွက်ကြရန် မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများတို့က  အသိပညာ ပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။

 

အောင်မျိုးသူ