ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေများလှူဒါန်း

ကျောင်းကုန်း ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ အလှူငွေလှူဒါန်းမှုကို ယနေ့နံနက် ၁၁ နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ကျောင်းကုန်းမြို့နေ ဦးသန်းဆွေ+ဒေါ်ကေခိုင်မိသားစု(TS ဆီဆိုင်)မှ ငွေကျပ် (၁၀)သိန်း၊ရန်ကုန်မြို့နေ ကျောင်းကုန်းမြို့နယ်အသင်း အတွင်းရေးမှူး ဦးကြည်လွင် (ခ)စိန်ချွန်း+ဒေါ်သီသီဆန်းမိသားစု Tun  Myat Thu Int'l Co.,ltd မှငွေကျပ်(၁၀)သိန်း အပါအဝင် အလှူရှင်၂၅ဦးမှ လှူဒါန်းငွေကျပ် စုစုပေါင်း (၂၈)သိန်းကျော် ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြ သည်။

ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၃၀၀)ဦးရှိပြီး၊ ကျန်းမာစွာဖြင့် ဆေးရုံဆင်းခွင့်ရသူ (၉၂) ဦးရှိကာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသူ(၂၀၄)ဦးရှိပြီး၊ သေဆုံးသူ(၄)ဦးရှိကြောင်း ကျန်းမာရေး
ဌာနက သိရသည်။

 

ဝင်းကြိုင်