Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ဖလမ်းမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်
Jul 22,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်ချက်များ လိုက်လံ ကြေညာနှိုးဆော်ခြင်းကို ယမန်နေ့က ဌာနဆိုင်ရာများ ပူးပေါင်းကာ ဖလမ်းမြို့အတွင်း လိုက်လံအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ Oxygen Plant စက်ကြီး(၂)လုံးနှင့် အောက်ဆီဂျင်အိုး (၇၀၀)လုံး၊ နှာခေါင်းစည်း (Mask)(၂၂၈၉)ဖာထပ်မံဝင်ရောက်
Jul 22,2021
ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ၊နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ကူးစက်မြန် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှ ဝယ်ယူ တင်သွင်းသည့် ကျန်းမာရေးအထောက်အကူပစ္စည်းများ ဝင်ရောက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က Oxygen Plant စက်ကြီး(၂)လုံးနှင့် တစ်လုံးလျှင် အောက်ဆီဂျင် (၄၀)လီတာဆန့် အိုးအလွတ် (၇၀၀)လုံး၊ နှာခေါင်းစည်း(Mask)(၂၂၈၉)ဖာ တို့ တင်ဆောင်လာသည့် မော်တော်ယာဉ်(၅)စီးတို့ ထပ်မံ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မိုင်းယောင်းမြို့နယ်အတွင်း ပျက်စီးနေရာများအား ကွင်းဆင်းစစ်ဆေး လိုအပ်သည်များ ကူညီဆောင်ရွက်
Jul 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်သည် ဇူလိုင် ၁၉ ရက်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုင်းယောင်းမြို့နယ်အတွင်း ပျက်စီးသွားသော နေရာများအား တာဝန်ရှိသူများနှင့်အတူ ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့ရှိ ပြည်သူ့ဆေးရုံ ၊ တိုင်းရင်းဆေးရုံ နှင့် ရေနံချောင်းတက္ကသိုလ်တို့ မှ QuarantineCentre များအား ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး
Jul 22,2021
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ လူနာများထားရှိ သော မြို့နယ်ပြည်သူ့ဆေးရုံ၊ တိုင်းရင်းဆေးရုံနှင့် ရေနံချောင်းတက္ကသိုလ်တို့ မှ Quarantine Centre များအား မကွေးခရိုင်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ထူးက ယမန်နေ့ ညနေပိုင်းတွင် ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး Oxygen Plant ၊ Oxygen Plant ထားရှိမည့် အဆောက်အဦနှင့် Oxygen ဘူး ရရှိနိုင်ရေး ဆွေးနွေးဆုံးဖြတ်
Jul 22,2021
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ကောင်စီဝင်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူးနှင့် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်တွင် ထောင်ခမက်ကျေးရွာအုပ်စု ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းတွင်ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လက်ဝယ်ရောက်ပေးအပ်
Jul 22,2021
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အိမ်ထောင်စု လူဦးရေစာရင်း နှင့်ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် နှင့်အိမ်ထောင်စုလူဦးရေစာရင်းများအား ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက်က ထောင်ခမက်ကျေးရွာအုပ်စု တောင်ဒဂုံ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းရှိ ပြည်သူများအား နိုင်ငံသားစိစစ် ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများအား သွားရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက် များ ဆောင်ရွက်
Jul 22,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်ချက်များအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီတွင် လမ်းဆုံလမ်းခွနှင့် ပျံကျဈေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံပြည်သူ့ဆေးရုံကြီးနှင့် အမှတ်(၃) တပ်မတော်ဆေးရုံ(၃-၃၀၀)တွင် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်း
Jul 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးနှင့် အမှတ်(၃) တပ်မတော်ဆေးရုံ(၃-၃၀၀) တွင် အသုံးပြုရန် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့က ကျိုင်းတုံပြည်သူ့ ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27635
Page
27636
Page
27637
Page
27638
Current page
27639
Page
27640
Page
27641
Page
27642
Page
27643
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department