ဘုတ်ပြင်း ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အိမ်ထောင်စု လူဦးရေစာရင်း နှင့်ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် နှင့်အိမ်ထောင်စုလူဦးရေစာရင်းများအား ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက်က ထောင်ခမက်ကျေးရွာအုပ်စု တောင်ဒဂုံ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းရှိ ပြည်သူများအား နိုင်ငံသားစိစစ် ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား သွားရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ပန်းခင်းစီမံချက်ဖြင့် ထောင်ခမက်ကျေးရွာအုပ်စု တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးစီမံကိန်းရှိ ပြည်သူများအား အသက်(၁၀)နှစ်ပြည့် (၁၉)ဦး၊ အသက်(၁၈)နှစ်ပြည့် (၂၁၁)ဦး စုစုပေါင်း နိုင်ငံသား စိစစ်ရေးကတ်(၂၃၀ )ကတ် နှင့်အိမ်ထောင်စုလူဦးရေးစာရင်း (၂၀၁)စု တို့ကို ပြည်သူများလက်ဝယ် အရောက် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)