မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်
Jul 23,2021
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူလူထုများ သိရှိလိုက်နာဆောင်ရွက် ရမည့် အချက်များအား ယနေ့ နံနက် ၉ နာရီက ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် တပင်ရွှေထီးလမ်း တစ်လျှောက် မြို့ပေါ် ကွန်ကျိုင်း ၊ဈေးတန်းရပ်ကွက်နှင့် မွေတော်ရပ်ကွက်အတွင်း အသံချဲ့စက် ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။