မိုင်းပျဉ်း ဇူလိုင် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်း ဇူလိုင် ၂၁ ရက်က မိုးသည်း ထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဆင်မောင်းကျေးရွာ အုပ်စုရှိ မိုင်းပျဉ်း- တာကော် ကားလမ်း ၇ မိုင်နှင့် ၉ မိုင်ကြားတွင် တောင်ပြို၍ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းပေးခဲ့သဖြင့် ယနေ့ တွင် ယာဉ်များ ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆင်မောင်းကျေးရွာအုပ်စု၊ (၉)မိုင် ကျေးရွာလမ်းဘေး ယာယီတဲထိုးနေထိုင်သည့် လမ်းအထူးအဖွဲ့(၃)မှ ဦးအာကာကျော်ပါ ကျား(၈)ဦး၊ မ(၄)ဦး ရေစီးမျောပါခဲ့ရာ ယမန်နေ့ ညနေပိုင်း အထိ (၄)ဦးအား အသက်ရှင်လျက်ပြန်လည် ရှာဖွေ တွေ့ရှိခဲ့သည်။
ထို့အပြင် ကျန်(၈)ဦးအား ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ဆက်လက် ရှာဖွေလျက်ရှိပြီး တောင်ပြိုမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ခဲ့ခြင်းကို သက်ဆိုင်ရာ ဌာနများမှ အမြန်ပူးပေါင်း ရှင်းလင်း ပေးခဲ့သဖြင့် ယနေ့တွင် ယာဉ်များ ပုံမှန် သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
မေမွန်ထွဋ်