စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီနှင့် အနောက်မြောက် တိုင်းစစ်ဌာနချုပ်တို့ ညှိနှိုင်းပေါင်းစပ်ဖြန့်ဖြူးသော အောက်ဆီဂျင်အိုးများ ရောက်ရှိလာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

မုံရွာ ဇူလိုင် ၂၄ 

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် အနောက်မြောက် တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စွာဝင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တပ်မတော်အရာရှိကြီးများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များ၊ တာဝန်ရှိသူများ လိုက်ပါလျက် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် အနောက် မြောက် တိုင်းစစ်ဌာနချုပ်တို့ ညှိနှိုင်းပေါင်းစပ်၍ အောက်ဆီဂျင်ဖြန့်ဖြူးပေးသည့် အစီအစဉ်အရ ယမန်နေ့ နံနက်ပိုင်းတွင် ကပစ(၂၄)ပေါက်မြို့မှ ရောက်ရှိလာသော အောက်ဆီဂျင်အိုးများအား မုံရွာမြို့၊ ပြည်သူ့ဆေးရုံ ကုတင်(၅၀၀)သို့ ရွှေ့ပြောင်းသယ်ယူနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်မှ ဗိုလ်မှူးချုပ် ကျော်စွာဝင်းနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီး ကုတင် (၅၀၀)သို့ ရောက်ရှိရာ ဆေးရုံမှ တာဝန်ရှိသူများထံ အောက်ဆီဂျင်အိုး ၄၀ လီတာဆံ့ (၆၄)လုံးအား ထောက်ပံ့ပေးအပ်ကာ မုံရွာပြည်သူ့ဆေးရုံ ကုတင်(၅၀၀)အတွင်း နယ်မြေခံတပ်ရင်းများရှိ တပ်မတော်သားများမှ အောက်ဆီဂျင်အိုးများ နေရာချထားပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြ သည်။

အဆိုပါ ကပစ(၂၄) ပေါက်မြို့မှ ရောက်ရှိလာသော အောက်ဆီဂျင်အိုး ၄၀ လီတာ(၂၀၀)လုံးအား မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီး ကုတင်(၅၀၀)ဆံ့ သို့ အောက်ဆီဂျင်အိုး (၆၄)လုံး၊ စစ်ကိုင်းမြို့၊ ပြည်သူ့ ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး (၅၀)လုံးနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ အောက်ဆီဂျင်အိုး(၈၆)လုံးတို့အား ခွဲဝေဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များ သည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြ သော တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းက တိုင်းဒေသကြီး အတွင်း လိုအပ်လျက်ရှိသော အောက်ဆီဂျင်များ ရရှိရေး၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် မြို့များတွင် Oxygen Plant စက်ရုံများ အချိန်မီတည်ဆောက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသခြင်းဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်း ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ မုံရွာမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လူမူရေး (ပရဟိတ)အသင်း အဖွဲ့များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာပစ္စည်းများနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်တို့က အမှာစကားပြောကြားပြီး လူမူရေး(ပရဟိတ) အသင်းအဖွဲ့များမှ တာဝန်ရှိသူများထံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကြပြီး လူမူရေး(ပရဟိတ)အသင်းအဖွဲ့များမှ တာဝန်ရှိသူ များမှ လူမူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသော PPE ဝတ်စုံများနှင့် အောက်ဆီဂျင်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လိုအပ်မှုများအား အသီးသီးတင်ပြ ကြသည်။

ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်တို့က လူမူရေး(ပရဟိတ)အသင်းအဖွဲ့များမှ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။