ဒေါ့ဖုန်းယန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်
Jul 24,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လတ်တလော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များအား အများပြည်သူတို့ တိကျစွာ လိုက်နာဆောင်ရွက်နိုင်ကြစေရေးကို မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအဖွဲ့မှ ယနေ့ နံနက် ၇ နာရီတွင် မြို့ပေါ်ရပ်ကွက်များ နှင့် လူအများသွားလာလှုပ်ရှားလျက်ရှိသော စျေးတို့၌ Hand Speaker ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။