ဘီးလင်း ဇူလိုင် ၂၄
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအုပ်စု၊ ဇုတ်သုတ်ကျေးရွာ တောင်ပိုင်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၀) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ဇုတ်သုတ်ကျေးရွာတောင်ပိုင်းတွင် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းအိမ်(၆)လုံး၊ အုတ်ခင်း၊ အုတ်ကာ၊ သွပ်မိုးအိမ်(၁)လုံး၊ ဖက်မိုး၊ ဖက်ကာ၊ ဝါးခင်းအိမ် (၁)လုံးတို့မှာ အမိုးများ လန်ခြင်း၊ ဖက်မိုး၊ ထရံကာ၊ ပျဉ်ခင်းအိမ်(၁)လုံးနှင့် ဖက်မိုး၊ ထရံကာ၊ ဝါးခင်း အိမ်(၁)လုံးတို့မှာ ပြိုလဲခြင်း၊ ဖက်မိုး၊ ဖက်ကာ၊ ဝါးခင်းအိမ် (၁)လုံးမှာ နောက်ဖေးခြမ်း ပြိုလဲခြင်း အုတ်ကာ၊ အုတ်ခင်း၊ သွပ်မိုးအိမ်(၁)လုံးမှာ အိမ်ရှေ့ခြမ်း ပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့ရာ ခန့်မှန်းပျက်စီးဆုံးရှုံးမှု တန်ဖိုးသိန်း (၂၀)ခန့်ရှိကြောင်း သိရသည်။
အလားတူ အနိုင်းပွန်ကျေးရွာအုပ်စု၊ သစ်တိုကျွန်းကျေးရွာ၌လည်း ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့် က ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုးအိမ်(၃) လုံး၊ ပျဉ်ထောင်၊ ထရံကာ၊ က်မိုးအိမ်(၁) လုံးတို့မှာ အမိုးများ လန်ခြင်း၊ ပျဉ်ခင်း၊ ထရံကာ၊ ဖက်မိုးအိမ်(၁)လုံးနှင့် သွပ်မိုး၊ ပျဉ်ခင်း၊ ဖက်ကာ အိမ်(၁) လုံးတို့မှာ ပြိုလဲ ပျက်စီးခဲ့ရာ ခန့်မှန်းပျက်စီးဆုံးရှုံးမှု တန်ဖိုး(၁၄၅၀၀၀၀) ခန့်ရှိကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော လူနေအိမ်များအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော မြို့နယ်သဘာဘေးအ န္တရာယ် စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များမှ ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး ၎င်းလေဘေးသင့် ကျေးရွာများ မှ အိမ်ထောင်စု (၁၈)စု၊ မိသားစုဝင် (၈၀)ဦးတို့အား နီးစပ်ရာ ဆွေမျိုးများ နေအိမ် သို့ ပြောင်းရွှေ့နေရာချထား ပေးခဲ့ပြီး ပျက်စီး၊ အမိုးလန်နေအိမ်များ အမြန်ဆုံးပြင်ဆင်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုများမရှိကြောင်း သတင်းရရှိ သည်။