သတင်းများ

ဘူးသီးတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Jul 24,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီး‌တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ ဘူးသီးတောင်မြို့ပေါ် ရပ်ကွက်များသို့ ယနေ့ နံနက်(၁၀)နာရီအချိန် က အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် နတ်သံကွင်းဒေသနှင့် ကျောက်ကြီးမြို့နယ် အရန်ကုသရေးနေရာတွင် Volunteer ဆောင်ရွက်နေသူများအား PPE ဝတ်စုံများနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
Jul 24,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ရုံး၌ နတ်သံကွင်း ဒေသ Facility Quarantine စခန်းနှင့် ကျောက်ကြီးမြို့နယ် အရန်ကုသရေးနေရာတွင် Volunteer ဆောင်ရွက်နေသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအဖွဲ့ဝင်များအား PPE ဝတ်စုံများ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေစပါးစိုက်ခင်းများ စတင်ရိတ်သိမ်း
Jul 24,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲ ဆည်ရေဖြင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးထားရှိသော နွေစပါးစိုက်ခင်း များမှာ ယခုအခါ အသီးများ ရင့်မှည့် လာပြီဖြစ်၍ တောင်သူများက မိုးသီးနှံပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် သီးနှံရိတ်သိမ်း ခြွေလှေ့ စက်ကြီးများဖြင့် အပြိုင်အဆိုင် သိမ်းဆည်းနေကြ ကြောင်း ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာရှိ ဒေသခံတောင်သူများထံက သိရသည်။
ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များ အရှိန်ဟုန်မြှင့်ဆောင်ရွက်
Jul 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် ပူးပေါင်းပြီး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။
ပန်း​တောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်
Jul 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပန်း​တောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေး နှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ နံနက်ပိုင်းက ပန်းတောင်းမြို့ပေါ်ရှိ လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
ဘိုကလေးမြို့နယ်မှ ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် အသွားအလာ ကန့်သတ်ထားရှိခံရသူများအား ချက်ပြုတ်ကျွေးမွေးနိုင်ရန် ဟင်းသီးဟင်းရွက် များလှူဒါန်း
Jul 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာများ ထားရှိရာ Positive Center များနှင့် အသွားအလာ ကန့်သတ်ထား ရှိခံရသူများ ထားရှိသည့် Facility Quarantine Center များသို့ အစာအာဟာရ ချက်ပြုတ်လှူဒါန်းနိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်း တွင် ဘိုကလေးမြို့နယ်၊ ညောင်တုန်းစုကျေးရွာမှ ရွာသူရွာသားများမှ စုပေါင်းကာ ဒေသထွက် ဟင်းသီး ဟင်းရွက်များ လှူဒါန်းခဲ့ကြသည်။
စစ်ကိုင်းမြို့တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ
Jul 24,2021
စစ်ကိုင်းမြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်းက စိန်ကုန်းတိုက်နယ်လေးကျွန်းမြေအုဠ်ကျောင်းတိုက် ပဓာန နာယကဆရာ တော်ဦးဆောင်၍ ကျောင်းတိုက်အတွင်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား တိကျစွာလိုက်နာကြရန် လိုက်လံအသိ ပညာပေး ခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။