ရွှေပြည်သာ သြဂုတ် ၅
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင် စေရန်နှင့်ကူးစက်ပျံ့နှံ့မှုမရှိ စေရန်ရည်ရွယ်၍ ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဗိုလ်မင်းခေါင်ပန်းခြံ၌ ယမန်နေ့ ညနေ ၄ နာရီချိန်မှ စတင်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့မှ ရတနာသုတ်အပါအဝင် အန္တရာယ်ကင်း ပရိတ်တရားတော်များကို ပန်းခြံအတွင်း၌လည်းကောင်း ပန်းခြံအပြင်၌လည်းကောင်း လှည့်လည်ရွတ်ဖတ် ပူဇော်ခြင်းများ ပြုလုပ်တော်မူခဲ့ကြသည်။
ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနှင့်ပတ်သတ်၍ ရပ်ကွက်၊ ကျေးရွာများအလိုက်ပရိတ်တရား တော်များကိုလှည့် လည်ရွတ်ဖတ်ပူဇော် လျက်ရှိပြီးပြည်သူများအ နေဖြင့်ကျန်းမာ ရေးဝန်ကြီးဌာန၏လမ်းညွှန် ချက်များနှင့်အညီ နေထိုင်ကြရန်အသိ ပေးခြင်း၊သတိ ပေးခြင်း၊ အသံချဲ့စက်များဖြင့် လိုက်လံနှိုး ဆော်ခြင်း၊ပိုးသတ် ဆေးဖျန်းခြင်း၊ကာကွယ် ဆေးထိုးနှံပေး ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါကိုဗစ် ရောဂါကာကွယ် ရေးလုပ်ငန်းများကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အ ရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌ၏ လမ်းညွှန်မှုဖြင့်ကိုဗစ် ကော်မတီဝင်များ၊ဌာနဆိုင်ရာ တာ ဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကြက် ခြေနီတပ်ဖွဲ့ ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့ များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးမိုး