လှိုင်သာယာ(အနောက်) သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကမ္ဘာ့စားနပ် ရိက္ခာ အဖွဲ့(WFP)မှ ယနေ့နံနက် ၉နာရီက လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ အဖွဲ့မှ မြို့နယ်အတွင်းရှိအမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၀)ရပ်ကွက်၊ အမှတ်(၁၁)ရပ်ကွက်၊ အမှတ်(၁၂)ရပ်ကွက်၊ အမှတ်(၁၃)ရပ်ကွက်၊ အမှတ်(၁၄)ရပ်ကွက်၊ အမှတ်(၁၆)ရပ်ကွက်၊ အမှတ်(၁၇)ရပ်ကွက်၊ အမှတ်(၁၈)ရပ်ကွက်၊ အမှတ်(၁၉)ရပ်ကွက်၊ အမှတ်(၂၀)ရပ်ကွက် တို့တွင် အိမ်တစ်အိမ်လျှင် ဆန် ၅၀ကီလိုဂရမ် (၂၄ပြည်) အိတ်(၁) အိတ်နှုန်းဖြင့် လာရောက် လှူဒါန်းပေးကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP) အဖွဲ့တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ယင်းသို့ ဆန်များလှူဒါန်းပေးအပ်ရာတွင် ကိုဗစ်၁၉စည်းကမ်းချက်များနှင့်အညီ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ (WFP) အဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ရေးမှူးနှင့် အဖွဲဝင်များက ဆန်အိတ်များပေးဝေလှူဒါန်း ခဲ့ကြောင်းသိရသည်။
ဝေလွင်ကျော်