ဝက်လက်မြို့တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဒုတိယနေ့ အဖြစ် ဆက်လက် ထိုးနှံပေး

ဝက်လက်  သြဂုတ်  ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင်၊ ယခုလတ်တလော ဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို သြဂုတ်လ ၇ ရက်နေ့ စတင်၍ ထိုးနှံရာ အသက် ၆၅ နှစ် နှင့် အထက် သက်ကြီးဘိုးဘွားများ ၊ ရဟန်းသံဃာများ ၊ ဝန်ထမ်းများ ၊ စျေးရောင်းချ သူများ  ကို အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့် အညီ စုရပ် ၃ ခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါ ကာကွယ်ဆေး အလုံးရေ ၁၀၀၀ ကို လူဦးရေ ၂၀၀၀ ထိုးနှံပေးမည်ဖြစ်ရာ သြဂုတ်လ ၇ ရက်နေ့ မှ ၉ ရက်နေ့ အထိ  သုံးရက် တိုင် ထိုးနှံပေးမည် ဖြစ်ပြီး ပထမ နေ့တွင် ဆေးအလုံးရေ ၃၀၀ ကို လူဦးရေ ၆၀၀ ထိုးနှံပေးခဲ့ပြီး ၊ ယနေ့ ဒုတိယနေ့ အဖြစ် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို  မြို့နယ် အဆင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှု ဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ  ပူးပေါင်းကာ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။

ဝက်လက်မြို့တွင် တရုပ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သောဆေးကို  သြဂုတ်လ ၃ ရက်နှင့် ၄ ရက် နေ့များတွင် ဆေးအလုံးရေ ၁၀၀၀ ကို လူဦးရေ ၂၀၀၀ ဦး ထိုးနှံပေးခဲ့ပြီး၊ ယခု ထပ်မံရောက်ရှိလာသော  ဆေး အလုံးရေ ၁၀၀၀ ကို ၊ ပထမနေ့တွင်  ဆေးအလုံးရေ ၃၀၀ ကို လူဦးရေ ၆၀၀ ထိုးနှံပေးပြီး ၊ ကျန်ရှိသောဆေးများကို ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

 စိုးစိုးလှိုင် (ဝက်လက်   )