လယ်ဝေးမြို့နယ်တွင် ဦးစားပေးအုပ်စုများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

လယ်ဝေး သြဂုတ် ၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ဩဂုတ်လ ရက်နေ့ နံနက်မှစ၍ အမှတ် ၁ အခြေခံပညာအထက်တန်း​​​ကျောင်းတွင် ကျန်းမာရေးဦးစီးဌာနနှင့် တပ်မတော်ဆေးရုံမှ ဆရာဝန်သူနာပြုများ ပူးပေါင်း အဖွဲ့ ၃ ဖွဲ့ဖြင့် ကိုဗစ်၁၉ရောဂါကာကွယ်ဆေးအား ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်ကာကွယ်ဆေးအား ယမန်နေ့အထိ  အသက် ၆၅ နှစ် အထက်ရှိသူ(၂၀၀၇)ဦး၊  ကျန်းမာရေးဝန်ထမ်း (၁၁)ဦး၊ စေတနာ့ဝန်ထမ်း(၃၀၉)ဦး၊  သာသနာ့ဝန်ထမ်း (၃၇၁)ပါး၊ နိုင်ငံ့ဝန်ထမ်း(၁၁၉၂)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု(၅၆၁ )ဦး၊ပုဂ္ဂလိက ဘဏ်ဝန်ထမ်း( ၆၄)ဦး၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်း (၄၀၉ )ဦး၊ ​ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ဝန်ထမ်း(၅)ဦးနှင့် စူပါမားကက်၊ ဈေးများမှ ဝန်ထမ်း(၂၄၂) ဦး၊ စုစုပေါင်း (၅၁၇၁)ဦး  တို့ကိုထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်အနေဖြင့် ယနေ့တွင်ရရှိထားသည့် ဆေးအရေအတွက်(၅၆၆ )လုံးဖြင့်လူဦး​ရေ(၁၁၃၂) ဦးကို အပြီးသတ်ထိုးနှံပေးလျက်ရှိပြီး မြိုနယ်အတွက်ကာကွယ်​​​​​ ဆေးထပ်မံရရှိပါက ဦးစားပေးသတ်မှတ်ထားသည့် အုပ်စုများအလိုက် ဆက်လက်ထိုးနှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။  

ဝေကြည်စန်းအောင်