ပြည်မြို့စက်ရုံအလုပ်ရုံလုပ်သားများနှင့်စည်ပင်သာယာဈေးများမှဈေးရောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ပြည် သြဂုတ် ၁၁

          ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ မူယာပင်ခန်းမနှင့် အ.ထ.က(၁)ကျောင်းတို့၌ ကိုဗစ်-၁၉  ကာကွယ်ဆေး (Sinovac) ထိုးနှံပေးလျက်ရှိ‌ကြောင်းသိရသည်။

     အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းကိုယနေ့နံနက်၈နာရီခွဲကစတင်၍ပြည်မြို့ မူယာပင် ခန်းမနှင့် အ.ထ.က(၁) ကျောင်းတို့၌ စက်ရုံအလုပ်ရုံ လုပ်သားများ၊ စည်ပင် သာယာဈေး များမှဈေးရောင်းသူများ ကိုမူယာပင်ခန်းမနှင့် အ.ထ.က(၁)ကျောင်း တို့တွင် စုစုပေါင်း လူဦးရေ (၁၂၀၀)ခန့်အား နံနက်၈နာရီးခွဲမှမွန်းလွဲ ၁၂ အထိ၊ မွန်းလွဲ ၁နာရီမှ ညနေ ၄နာရီခွဲအထိ တစ်နေ့(၂)ကြိမ်ခွဲ၍ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ ပူးပေါင်း အဖွဲ့က ကာကွယ်ဆေးထိုးနှံပေးလျှက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉‌ ရောဂါကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။