ကျိုက်မရောမြို့နယ်တွင် အသက် ၆လမှ ၂နှစ်ထိ ဗီတာမင်အေနှင့် သံချဆေး တိုက်ကျွေး

ကျိုက်မရော  သြဂုတ်  ၁၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်အသက်၆လမှ ၂နှစ်အထိ ကလေးများအား ဗီတာမင် အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ ကျိုက်မရောမြို့ ရသေ့ ကျောင်းဝင်း၌ စတင်တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဗီတာမင်အေဆေးများကို အသက်၆လမှ ၂နှစ်အထိတိုက်ကျွေးခြင်းအားဖြင့်ရ ရှိနိုင်သော အကျိုးကျေးဇူးများမှာ ဗီတာမင်အေသည် ကလေးများ ပုံမှန်ကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာကြံခိုင်ခြင်း၊ ဖျားနာခြင်းမရှိ၊ ဖျားနာခဲ့လျင်လည်းပြင်းထန်ခြင်းမရှိပဲ အချိန်တို အတွင်းပျောက်ကင်းနိုင်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမဒေါ်နီနီအေးက ပြောသည်။

ဆက်လက်၍ အသက်၅နှစ်မှ ဆယ်နှစ်အထိ ကျောင်းသားကျောင်းသူများအား သံချဆေးများ တိုက်ကျွေးလျက်ရှိသည်။ အဆိုပါသံချဆေးတိုက်ကျွေးခြင်းဖြင့် ကလေးများသာမက လူကြီး များတွင်လည်း သံကောင်ရောဂါဖြစ်ပွားလေ့ရှိကြောင်း သံကောင်ရောဂါသည် အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အဓိကကလေးများတွင် အများဆုံးဖြစ်ပွားလေ့ရှိသဖြင့် ယခုကျန်းမာရေးဦး စီးဌာနအဟာရဖွံ့ဖြိုးရေး စီမံချက်၏ သုတေသနပြုချက်အရ ကလေး၁၀၀လျင်၇၀ဦး၊ ကိုယ်ဝန်ဆောင်၁၀၀တွင်တစ်ဦးမှာ သန်ကောင်ရောဂါစွဲကပ်နေကြောင်းတွေ့ရှိရ သည်။သန် ကောင် ရောဂါစွဲကပ်ခြင်းမှ ကင်းဝေးစေရန်ယခုကဲ့သို့ ကျန်းမာရေးဦးစီးဌာနမှ အသက်၅နှစ် မှအထက်ကလေးများ၊ ကျောင်းသားကျောင်းသူများအား သံချဆေးတိုက်ကျွေးပေး နေချိန် တွင်မိဘများအနေဖြင့် မိမိတို့သားသမီးများအား လာရောက်တိုက်ကျွေးသင့်ကြောင်း ကျန်း မာရေးဦးစီးဌာန၊ တာဝန်ရှိသူထံမှသိရသည်။

ချိုမြတ်မြတ်ထွေး