မိုင်းခတ် သြဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများရှိ ဝါဆိုသံဃာတော်များသို့ ဆွမ်းဆန်များ ဆက်ကပ် လှူဒါန်းခြင်းကို ယနေ့ ညနေ၃ နာရီ အချိန် က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိဌာနဆိုင်ရာများက မိုင်းနှုန်းနှီး ဘုးရား ကျောင်းတိုက်နှင့် မိုင်းခတ်မြို့နယ် ကမ္မဌာန်းကျောင်းတိုက်ဆရာတော်ထံသို့ ဆက် ကပ်လှူဒါန်းခဲ့သည်။
ထိုသို့ ဆွမ်းဆန်များဆက်ကပ်လှူဒါန်းရာသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးမြင့်နှင့် ကော်မတီဝင်များ၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦး စီးဌာနဦးစီးမှူး ဦးမျိုးဇာနည်ဝင်း၊ မိုင်းခတ်မေတ္တာလူမှုကူညီရေးအဖွဲ့များက အဆိုပါကျောင်းတိုက်များသို့ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၈)ကျောင်းမှ ကျန်ရှိသည့်ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန် များဆက်ကပ် လှူဒါန်းနိုင်ရေးအတွက် မြို့နယ်ဂေါပကအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြိုနယ်ဂေါပကအဖွဲ့ဝင်များက ကျန်ရှိသည့် ဘုန်းတော်ကြီးကျောင်းများသို့ ဆက်လက်လှူ ဒါန်းသွားမည်ဖြစ်ကြောင်း၊ မိုင်းခတ်မြို့နယ်အတွင်း ဘုန်းကြီးကျောင်း(၃၈)ကျောင်းမှ ဝါဆို သံဃာတော် ရဟန်း(၄၂)ပါး၊ သာမဏေ၁၉၀ပါး၊ စုစုပေါင်း (၂၃၂)ပါးအတွက် ဆွမ်းဆန် (၅၆)အိတ်အား ဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။