မင်းလှ ဩဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်၁၉ရောဂါကူးစက်မှုအနည်းငယ်လျော့ကျလာ သဖြင့် အ.ထ.က မင်းလှ (မြို့တွင်း) ဘော လုံးကွင်းနေရာတွင်ထားရှိသောယာယီပျံကျဈေးအား ဩဂုတ် ၁၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံးမှ သိရသည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အနည်းငယ်လျော့ကျလာပေမဲ့လည်း ဆက်လက် ထိန်းချုပ်သွားနိုင်ရေးအတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့် ပြန်ရေးကော်မတီမှ အဖွဲ့ပိုင်ဈေးများအား ဆက်လက်ပိတ်သိမ်းထားရန် ညွှန်ကြားလာပါသဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မင်းလှဈေးအား ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း၊ သား၊ ငါး၊ ဟင်းသီး ဟင်းရွက် ကုန်စိမ်းဈေးသည်များအား မူလယာယီဈေးဖွင့်လှစ်ခွင့်ပြု ထားသည့် အ.ထ.က မင်းလှ (မြို့တွင်း) ဘောလုံးကွင်းနေရာတွင် ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ပြီး နံနက်(၅)နာရီမှ နေ့လည်(၁၂)နာရီအထိဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ် ကြောင်းသိရသည်။
ယာယီဈေးဖွင့်လှစ်ရောင်းချရာတွင်ဈေးရောင်းချသူများ တစ်ဦးနှင့်တစ် ဦး(၆)ပေအကွာမှ ရောင်းချရန်နှင့် ခပ်ခွာခွာမှဈေးဝယ်ရန်၊ ဈေးရောင်းချသူ/ဈေးဝယ်ယူသူများအနေဖြင့် ကျန်းမာ ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ Mask ၊ Face Shield နှင့်လက်အိတ်များ စနစ်တ ကျဝတ်ဆင်ရန်၊ အိမ်ထောင်စုတစ်စုလျှင် တစ်ဦးသာဈေးဝယ်ထွက်ရန်နှင့် အပြင်ထွက်ခွင့်ကဒ ပြားပါရှိသူများသာ ဈေးအတွင်းဝင်ရောက်ဝယ်ယူရန်၊ အများပြည်သူဆိုင်ရာ လမ်းမပေါ်တွင် ဖြစ်စေ၊ လမ်းမဘေးတွင်ဖြစ်စေ ဖြန့်ခင်း၍ဈေးရောင်းချခြင်းမပြုရန် စည်းကမ်းချက်များထုတ် ပြန်ထားပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေနှင့် အညီအရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ဖြစ်ပေါ်လာခဲ့သဖြင့် ဇူလိုင်လ ၁ ရက်နေ့မှစ၍ မိမိနေ အိမ်တွင်နေထိုင်ရေး Stay At Home အစီအစဉ်တွင် အကျုံးဝင် ကြောင်းကြော်ငြာခဲ့ပြီး ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အဓိကလူစည်ကားရာနေရာများဖြစ်သည့် အဖွဲ့ပိုင်ဈေးများအား ယာယီပိတ် သိမ်းထားခဲ့ကြောင်း သိရသည်။
ပေါက်စ