ရေး ဩဂုတ် ၁၄
မွန်ပြည်နယ်၊ ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်စု ပုဖ္ပရမ္မကျေးရွာတွင် ဖွင့်လှစ်ထားသည့် ကိုရင်လေးဆရာတော် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းမှ အမှတ်(၁)အထကကျောင်းတွင် ထားရှိသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး စောင့်ရှောက်ပေးမှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုရင်လေးဆရာတော်အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း ဆရာဝန်များမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာများအား သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ အောင်ဆီဂျင်တိုင်းတာပေးခြင်း၊ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်ပေးမှုများနှင့် ဆေးဝါးများကို ပေးအပ်ခဲ့ကြသည်။ ထိုသို့ကျန်းမာရေးဆောင်ရွက် ပေးမှုများကို တစ်ပတ်လျှင် (၂)ကြိမ်လာရောက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)