မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်း ဆက်လက်ဆောင်ရွက်
Sep 03,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံခြင်းကို စတုတ္ထနေ့ အဖြစ် သတ်မှတ်စုရပ်နေရာများ ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၊ ဒန့်ဒလွန်ပင် တိုက်နယ်ဆေးရုံ၊ နင်းကြမ်း တိုက်နယ်ဆေးရုံ၊ ဝါးကြီးအိုင်တိုက်နယ်ဆေးရုံတို့တွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိသည်။