မြိုင်မြို့နယ်တွင် Mobile Test Kit စစ်ဆေးရေး မော်တော်ယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေး

မြိုင်  စက်တင်ဘာ        ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ရပ်ကွက်၊ ကျေးရွာများအရောက် Mobile Test Kit စစ်ဆေးရေး မော်တော်ယာဉ်ဖြင့် ယမန်ရက်နေ့က စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ဖျားနာနေသူများ၊ သံသယရှိသူများအနေဖြင့် ရောဂါကူးစက်မှု ဆက်လက်မပြန့်ပွားစေရန် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်၍ Mobile Test Kit စစ်ဆေးရေး မော်တော်ယာဉ်ဖြင့်  လင်းကတော၊ ကိုင်းလည်၊ ချောက်တောင်း၊ ပူတွင်း‌၊ အိုင်းမ၊ ပန်းစွာ၊ ပေါင်းတည်က၊ ဒါန်းပင်ကန်၊ မင်းတည်းစု၊ ကြည့်ကန် ကျေးရွာများသို့ သွားရောက်စစ်ဆေးပေးခဲ့သည်။

ထိုသို့စစ်ဆေးပေးရာတွင် ပြည်သူ ၁၁၁-ဦးအား စစ်ဆေးပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၈ ဦးရှိကြောင်းသိရသည်။

အဆိုပါပိုးတွေ့လူနာ(၈)ဦးအနက်(၆) ဦးအား သီးခြားသတ်မှတ်ထားသော စင်တာများတွင် သီးသန့်ထားရှိ၍လည်းကောင်း၊ ကျန်ပိုးတွေ့လူနာ (၂)ဦးအား ဆေးရုံ၌လည်းကောင်း သီးသန့်ထားရှိ၍ ကျန်းမာရေး စောင့်ရှောက်မှု ပေးသွားမည်ဖြစ်ကြောင်းနှင့် မြိုင်မြို့နယ်အတွင်း ယနေ့ထိ အတည်ပြုလူနာ (၈၃၀)ဦး ရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရှိသူ (၂၁၆)ဦး နှင့် သေဆုံးသူ (၂၀)ဦး ရှိကြောင်း သိရသည်။

အောင်သူရ