ပေါင် စက်တင်ဘာ ၄
သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုလျော့ကျလာစေရန် အသိပေးနှိုးဆော်ခြင်းများနှင့် စစ်ဆေးကြပ်မတ်အရေးယူဆောင်ရွက်ခြင်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း လူအသွားအလာ များသည့် လမ်းဆုံများတွင်ပါးစပ်၊ နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာ နေကြသည့် အိမ်ပြင် ထွက်သူများ၊ ခရီးသွားလာကြသူများအား စစ်ဆေးအရေးယူ ပညာပေးမှုများ ပြုလုပ် ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထေွထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မဖြစ်မနေ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ထားခြင်း ရှိ၊ မရှိစစ်ဆေးခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသူများအား နှာခေါင်းစည်း Mask ပေးပြီး ဒဏ်ငွေ ၅၀၀ကျပ် ပေးဆောင်စေကာ ယခုတပ်စနစ်ဖြင့် သတိပေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)