သတင်းများ

အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ နေ့စဉ် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါအသိပညာပေး သိကောင်းစရာများကို အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိဈေးများ တွင် နေ့စဉ် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ အသိပညာပေး သိကောင်းစရာများကို အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
နတ်မောက်မြို့နယ်တွင် GAP စနစ်ဖြင့် စိုက်ပျိုးထားသော မိုးနှမ်း စိုက်ဧကများတွင် ချက်ခြင်း ရိတ်၊ စီး၊ ထောင်စနစ်များရိတ်သိမ်းလျှက်ရှိ
Sep 08,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ GAP စနစ်ဖြင့် စိုက်ပျိုး ထားသော မိုးနှမ်းစိုက်ဧကများတွင် ချက်ခြင်းရိတ်၊ ချက်ခြင်းစီး၊ ချက်ခြင်းထောင်စနစ်ဖြင့် စတင်ရိတ်သိမ်းလျှက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့်အသိပညာပေးလုပ်ငန်းများလိုက်လံနှိုးဆော်
Sep 08,2021
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးနှိုးဆော်မှုများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နနက်ပိုင်း အချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌  မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငါ့သရောက်မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Sep 08,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၈)နာရီမှစတင်၍ ငါ့သရောက် မြို့ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုံးခွမြို့နယ်၌ “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် ပြုလုပ်ပေးနိုင်ရေး စာရင်း လိုက်လံ ကောက်ယူ
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်နေပြည်သူများအား  “ပန်းခင်း”စီမံချက် ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လိုက်လံ စာရင်းကောက်ယူလျက်ရှိရာမှ ယမန်နေ့နံနက်၈နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမင်းသူနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ရပ်ကွက် စာရေးများက အမှတ် (၂)ရပ်ကွက် နေပြည်သူများ နေအိမ်သို့ တစ်အိမ်တက်ဆင်း လိုက်လံ စာရင်းကောက်ယူလျက်ရှိသည်။
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ချက်များ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် လိုက်လံကြေညာပေးလျက်ရှိ
Sep 08,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်-၁၉ ရောဂါဆိုးကြီးသည် လျှင်မြန်စွာ ကူးစက်ပျံ့ပွားလျက်ရှိပြီး နေ့စဉ်ရောဂါကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေး ပန်ကြားချက်များကို
ကော့သောင်းမြို့တွင် အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် ဂျင်ကလိ ပြုလုပ်နေသူတစ်ဦး ဖမ်းဆီးရမိ
Sep 08,2021
ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ပုလဲအတွင်းလမ်းတွင် အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် ဂျင်ကလိ ပြုလုပ်နေသူတစ်ဦးအား မြို့နယ်ရဲတပ်ဖွဲ့မှ ယမန်နေ့မွန်းလွဲပိုင်းက ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ အောက်ဆီဂျင်စက်ရုံ အဆောက်အအုံ တည်ဆောက်လျက်ရှိ
Sep 08,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ဆေးရုံဝန်းအတွင်း၌ အောက်ဆီဂျင်စက်ရုံအ ဆောက်အအုံ တည်ဆောက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။