သတင်းများ

သာကေတမြို့နယ် စက်မှုဇုံအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများ၊ လုပ်သားများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်
Sep 08,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသော စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ လုပ်သားများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်၌ ဖွဲ့စည်းထားသည့် ဆေးထိုးအဖွဲ့နှင့် စာရင်းဖြည့်သွင်း မှတ်တမ်းတင်ရေးအဖွဲ့တို့ဖြင့် စက်မှုဇုံကြီးကြပ်မှုကော်မတီရုံးတွင် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinovac) အား ဆက်လက်ထိုးနှံဆောင်ရွက်ခဲ့သည်။
မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ စေတနာရှင်အလှူရှင်များမှ (Oxygen Concentrator) နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း
Sep 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ယမန်နေ့ ည ၇ နာရီက မြို့နယ်ပြည်သူ့ဆေးရုံသို့ စေတနာရှင် အလှူရှင်များမှ အသက်ရှုစက် (Oxygen Concentrator) နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ဆက်စပ်ပစ္စည်းများ လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပုံပါကျင်မြို့ “ဝ”အထူးဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Sep 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm  ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ဆမ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများက “ဝ” အထူးဒေသရှိ ပြည်သူများအား သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ဖွင့်လှစ်ထားသော ကြက်ခြေနီအထွေထွေရောဂါကု(အခမဲ့) ဆေးခန်းအား အလှူရှင်များမှ လာရောက်လှူဒါန်း
Sep 08,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကြက်ခြေနီအထွေထွေရောဂါကု (အခမဲ့) ဆေးခန်းကို ၂၀.၃.၂၀၂၁ ရက်နေ့မှစတင်၍  ယနေ့အချိန်ထိ ဖွင့်လှစ်ကုသပေးလျက်ရှိရာ လိုအပ်သော ဆေးဝါးများအား အလှူရှင်များမှ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မောင်တောမြို့၌  ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Sep 08,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊အဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုင်းယန်း၌ ကျေးရွာအရောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ သတ်မှတ်ဆေးထိုးစုရပ်နေရာ အသီးသီးတွင် အသက်(၆၅)နှစ် နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအရောက် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အလှူရှင်များ စုပေါင်းလှူဒါန်းငွေဖြင့် တည်ဆောက်မည့် အောက်ဆီဂျင်ဖြည့်တင်းစက် မြန်အောင်မြို့သို့ ရောက်ရှိ
Sep 08,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင် မြို့နယ်အတွင်းနှင့် ပြင်ပမှ အလှူရှင်များစုပေါင်း၍ မြို့မိ မြို့ဖများ ဦးဆောင်ကာ ဆောက်လုပ်သော အောက်ဆီဂျင် ဖြည့်တင်းစက်သည် ယမန်နေ့ ညနေက စက်ထားရှိမည့် မြန်အောင်မြို့ အမှတ် ၃ ရပ်ကွက် ကျိတ္တန်းအနောက်လမ်း ပါရမီလူမှုကူညီရေး အသင်းရုံးသို့  ရောက်ရှိကြောင်းသိရသည်။
ရသေ့တောင်မြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး စုရပ်(၃)ခုတွင် နောက်ဆုံးနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 08,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီး ခဲ့သည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူများအပြင် အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးရန်ကျန်ရှိသည့် ပြည်သူများကို စုရပ်(၃)ခုတွင် ယမန်နေ့ နောက်ဆုံးနေ့အဖြစ် နံနက် ၉ နာရီမှစ၍ ထိုးနှံပေး လျက်ရှိသည်။