မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံရပ်ကွက်တွင် ဆန်၊ ဆီနှင့် ကြက်ဥများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ
Sep 10,2021
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်နှင့် အဓိက စားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဆန်၊ ဆီနှင့် ကြက်ဥများအား ရွေ့လျား မော်တော်ယာဉ်ဖြင့် ယမန်နေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်၊ (၂၁)ရပ်ကွက်ခွဲတွင် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် လာရောက်ရောင်းချပေး ခဲ့ကြောင်း သိရှိရသည်။