သတင်းများ

ပေါက်မြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့လာရောက်ထိုးနှံသူဦးရေ (၁၂၀) ဦးရှိ
Sep 09,2021
မကွေးတိုင်းဒေသကြီး၊ ​ပေါက်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် အသက်(၁၈) နှစ်အ ထက် ပြည်သူများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ ကာကွယ် ဆေးလာရောက်ထိုးနှံသူဦးရေ (၁၂၀) ဦး ရှိကြောင်း ပေါက်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးမှ သိရသည်။
မိုင်းရယ်မြို့နယ်ရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့
Sep 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၀-၂၁ ခု၊ ဘဏ္ဍာရေးနှစ် တတိယ(၃) လပတ်အတွက် မြို့နယ်ရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေး ပင်စင်ထောက်ပံ့ပေး ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပ သည်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လယ်မြေ(၅)ဧကအတွက် မြေယာလျော်ကြေးငွေ ပေးအပ်
Sep 09,2021
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် မြေယာလျော်ကြေးငွေပေးအပ်ခြင်းအား ယနေ့နံနက်၁၀နာရီအချိန်ကဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရှိရသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအည်းအဝေးကို ကိုဗစ်-၁၉ စည်းကမ်း ချက်နှင့် အညီကျင်းပ
Sep 09,2021
ကရင်ပြည်နယ်ဒေသဖွံဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်ချောမွေ့စေပြီး ဌာနဆိုင်ရာများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက်နိုင်စေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ (၁/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
ကျောင်းကုန်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား (၆၉၉) သိန်းကျော်ထောက်ပံ့
Sep 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် လူမှူဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ‌အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။
ဇေယျာသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြီး ပျောက်ကင်းသူများ၏ ရင်တွင်း စကားသံများ
Sep 09,2021
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့်တတ်နိုင်သမျှ အိမ်တွင်း ၌သာ နေထိုင်ခြင်းနေအိမ်ပြင်ပသို့သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကိုမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ မိမိတို့ နေအိမ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည် ရောဂါ တစ်ခုခုခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့်နှာခေါင်းစည်းကိုတပ်ဆင်ထားစေခြင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးခြင်း စသည့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိသည်။ မြန်မာနိုင်ငံတွင် ယနေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း(၄၂၀၄၀၂)ဦးရှိပြီးဖြစ်ကာ (၃၆၈၀၆၆)ဦးမှာ ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်ကြောင်းသိရသည်။ သို့ပါ၍ ဇေယျာသီရိမြို့နယ်အတွင်းမှကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြန်လည် ကောင်းမွန်လာသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မတ္တရာမြို့နယ်တွင် ပြည်သူ ၃၆၂၈ဦးအား ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးပြီးဖြစ်
Sep 09,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် ထိုးနှံပြီးသော ပြည်သူများအား ဒုတိယအကြိမ်ထပ်မံ၍ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ ၉ နာရီအချိန်မှ စတင်၍ အထက(မတ္တရာ) အောင်ဆန်းခန်းမ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြောင်းမြမြို့ အောက်စီဂျင်စက်ရုံ၌ အောက်ဆီဂျင်ထုတ်လုပ်မှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြကန်သာရပ်ကွက်ရှိ အဝေးပြေးကားဂိတ် နောက်တွင် တည်ဆောက်လျက်ရှိသော အောက်စီဂျင်စက်ရုံ၌ အောက်စီဂျင်ထုတ်လုပ်မှုအခြေအနေအား ယမန်နေ့ နံနက်(၉)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်